Hotel အကြောင်း

အစပြုခြင်း

Hotel Conqueror ကို ၂၀၁၈ ခုနှစ်၊ အောက်တိုဘာလမှ စတင်ဖွင့်လှစ်လိုက်ပြီး ထိုင်းနိုင်ငံနှင့် ကပ်လျက်တည်ရှိသည့် မြန်မာနိုင်ငံနယ်စပ်မြို့ဖြစ်သော မြ၀တီမြို့တွင် တည်ရှိပါသည်။

Hotel Conqueror - Resort & accommodation

Hotel အကြောင်း 
Hotel Conqueror တွင် တည်းခိုရန်အခန်းပေါင်း ၃၁ ခန်းရှိပြီး နိုင်ငံတကာအဆင့်မီဝန်ဆောင်မှုများ ပေးစွမ်းလျက်ရှိပါသည်။ လူကြီးမင်းတို့၏ အားလပ်ရက်များကို အကျိုးအရှိဆုံးအသုံးချအပန်းဖြေနိုင်မည့် ၀န်ဆောင်မှုများဖြစ်သည့် ရေကူးကန်နှင့် Beer Garden ၊ အရသာထူးကဲပြီး ကျန်းမာရေးနှင့်ညီညွတ်သော စားသောက်ဖွယ်ရာများ၊ ကျယ်ဝန်းသော ကားရပ်နားရာနေရာစသည့် ၀န်ဆောင်မှုများဖြင့် လူကြီးမင်းတို့ စိတ်အေးချမ်းသာစွာ အနားယူတည်းခိုနိုင်ရန် Hotel Conqueror မှ ၀န်ဆောင်မှု ပေးလျက်ရှိပါသည်။
Hotel Conqueror သည် မြ၀တီမြို့ရွှေတိဂုံစေတီတော်၊ Shwe Muay Wan (The Golden Pagoda) နှင့် Crocodile Temple အစရှိသော လူသိများ ထင်ရှားသည့် နေရာများနှင့် ငါးမိနစ်ကြာ အကွာအဝေးတွင်သာ တည်ရှိပြီး ခရီးသည်များအနေဖြင့် ထိုင်းနိုင်ငံ အနောက်ပိုင်း၏ ကုန်သွယ်ရေး အချက်အချာဖြစ်သည့် မဲဆောက်မြို့သို့လည်း နေ့ချင်းပြန်ခရီးအဖြစ် သွားရောက်လည် ပတ်နိုင်ပါသည်။