VVIP ဘန်ဂလို
သီးသန့်လေသာဆောင်ပါရှိသော နှစ်ထပ်အဆောက်အအုံများ
နေရာထိုင်ခင်း ကျယ်ဝန်းပြီး သီးသန့်လေသာဆောင်ပါရှိသော နှစ်ထပ်အဆောက်အအုံများဖြစ်သည့် VVIP ဘန်ဂလိုများတွင် အဖွဲ့အစည်းဆိုင်ရာ ဧည့်သည်တော်များနှင့် မိသားစုများ အပန်းဖြေနားနေရန် အသင့်တော်ဆုံးဖြစ်ပြီး တောင်တန်းဒေသ၏ လန်းဆန်းအေးမြသည့် အငွေ့အသက်များကိုလည်း အပြည့်အ၀ခံစားရရှိနိုင်မည် ဖြစ်ပါသည်။
VVIP ဘန်ဂလိုများသည် ကျယ်ဝန်းပြီး သက်တောင့်သက်သာရှိစွာ အိပ်စက်အနားယူနိုင်သော နှစ်ယောက်အိပ် အိပ်ရာ၊ ခေတ်မီသော ရေချိုးခန်း၊ လုံခြုံစိတ်ချရသော မီးခံသေတ္တာ ၊ မီနီဘားနှင့် အဲယားကွန်း၊ ၄၃ လက်မ LED TV ၊ Wi-Fi အခမဲ့ ချိတ်ဆက်အသုံးပြုနိုင်မှု အစရှိသော အဆင့်မြင့် ၀န်ဆောင်မှုများ ပါရှိပါသည်။
VVIP ဘန်ဂလိုများတွင် အောက်ပါ ၀န်ဆောင်မှုများ ပါရှိပါသည်။
အခန်းဈေးနုန်း
၅၀၀၀၀
Check-in
နေ့လည် ၂ နာရီ
Check-out
နေ့လည် ၁၂ နာရီ
Hotel Conqueror ဧည့်သည်များ၏ ခရီးဆောင်အိတ်များကို ထိန်းသိမ်း သိမ်းဆည်းပေးသော ၀န်ဆောင်မှု
အချိန် အကန့်အသတ် မရှိ
ကြိုတင်စာရင်းပေးသွင်းထားမှုကို ပယ်ဖျက်ခြင်း / ကြိုတင်ငွေပေးချေခြင်း
ကိုတင်စာရင်းပေးသွင်းထားမှုကို ပယ်ဖျက်ခြင်းနှင့် ကြိုတင်ငွေပေးချေခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများမှာ တည်းခိုမည့် အခန်းအမျိုးအစားအပေါ်မူတည်၍ ကွဲပြားပါသဖြင့် လူကြီးမင်း တည်းခိုနေထိုင်မည့် နေ့စွဲကို ဖြည့်သွင်းပြီး စည်းမျဉ်းစည်းကမ်း များကို ၀င်ရောက်ဖတ်ရှုနိုင်ပါသည်။
ကလေးငယ်များအတွက် အိပ်ရာအပိုထည့်သွင်းခြင်း ၀န်ဆောင်မှု
လူကြီးမင်းတို့နှင့် အတူလိုက်ပါလာမည့် ကလေးသူငယ်များအားလုံးကို Hotel Conqueror မှ နွေးထွေးစွာ ကြိုဆိုလျက် ရှိပါသည်။ Hotel Conqueror တွင် တည်းခိုမည့် အသက်ငါးနှစ်အောက် ကလေးငယ်များအတွက် ၀န်ဆောင်ခ အခမဲ့ဖြစ်ပြီး ငါးနှစ်အထက် ကလေးငယ်များအတွက် Extra Bed များ ထည့်သွင်းအသုံးပြုသော ၀န်ဆောင်ခမှာ တစ်ညလျှင် Delux Room အတွက် USD ၁၅ ဒေါ်လာ ၊ VIP Room အတွက် USD ၂၀ ဒေါ်လာ နှင့် VVIP Room အတွက် USD၂၅ ဒေါ်လာ အသီးသီး ကျသင့်မည် ဖြစ်ပါသည်။ တည်းခိုနေစဉ် ကာလအတွင်း အသုံးပြုသော ထပ်ဆောင်း ၀န်ဆောင်မှုများ အားလုံးအတွက် ကျသင့်ငွေကို သီးသန့်ပေးချေရ မည်ဖြစ်ပါသည်။
အိမ်မွေးတိရိစ္ဆာန်များ ခေါ်ဆောင်လာမှုဆိုင်ရာ စည်းမျဉ်းစည်းကမ်းများ
ံHotel Conqueror တွင် အိမ်မွေးတိရိစ္ဆာန်များ သယ်ဆောင်တည်းခိုခွင့်မပြုပါ။
အခြားသော အချက်အလက်များ
ငွေပေးချေရာတွင် KBZ Paypal အား အသုံးပြုနိုင်ပြီး လတ်တလောကာလအတွင်း Credit Card အသုံးပြုငွေပေးချေခြင်းများ ဆောင်ရွက်နိုင်ခြင်းမရှိသေးပါ။
ခရီးသွားစဉ် အတွင်း သင့်အိမ်ကဲ့သို့ နေထိုင်နိုင်သည်။
သီးသန့်လေသာဆောင်ပါရှိသော နှစ်ထပ်အဆောက်အအုံများ
သီးသန့် အခန်းနှစ်ခန်း ပါဝင်သော ဘန်ဂလို
သီးသန့် အခန်း ၄ ခန်း ပါဝင်သော ဘန်ဂလို
အဆင့်မြင့် ၀န်ဆောင်မှုများ၊ အပန်းဖြေစရာ ရေကူးကန်နှင့် ဧည့်သည်တော်များ၏ အကောင်းမွန်ဆုံး အတွေ့အကြုံများ